Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Wednesday, October 26, 2011

မှတ်ဖွယ်မှတ်ရာ သုတအဖြာဖြာ 2


လူသားဆိုတာ လူမှုရေးသတ္တ၀ါတစ်မျိုးပဲဖြစ်ပါတယ်။ နေ့စဉ်လူနေမှုဘ၀မှာ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့စေဖို့အတွက် နည်းလမ်းကောင်းတွေကို လေ့လာမှတ်သားလိုက်နာ ထားသင့်ပါတယ်။

လူမှုဆက်ဆံရေးနယ်ပယ်မှာ လိမ်ညာမှုကိုကြိုက်နှစ်သက်တဲ့လူမျိုးဆိုတာ မရှိနိုင်ပါဘူး။ သူတစ်ပါး အပေါ်မှာ အလိမ်အညာ မာယာမပါဘဲ စစ်မှန်တဲ့ စိတ်ဝင်စားမှုမျိုးကို ပြသပေးပါ။

သူတစ်ပါးအပေါ်မှာ စစ်မှန်တဲ့ စိတ်ဝင်စားမှုမျိုးကိုပြသခြင်းထက် ဘယ်အရာကမှ ပိုမို၍အကျိုး သက်ရောက်မှုမရှိနိုင်ပါဘူး။

ခေါင်းဆောင်မှုစွမ်းရည်၊ ခေါင်းဆောင်မှုအတတ်ပညာများကို သင့်သန္တာန်တွင်သာ ရအောင်ရှာဖွေပါ။ သင့်မှာ သင်ကိုယ်တိုင်မသိသေးတဲ့ အစွမ်းအစများစွာရှိနေပါသည်။ သူတစ်ပါးဆီက လေ့လာသင်ယူ၍ သင့်သန္တာန်မှာ ခေါင်ဆောင်မှုစွမ်းရည်ကို ရအောင်ရှာဖွေပါ။

လူဆိုတာ လူ့အသိုက်အမြုံမှာ ရှင်သန်နေထိုင်ရတာမို့ လူ့ဘောင်အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်များနဲ့ အမြဲတမ်းဆက်သွယ်ပါ၊ လူမှုဆက်သွယ်ရေးယန္တရားအတတ်ပညာသည် သင့်ဘ၀ကို သာယာလှပအောင် ဖန်ဆင်းပေးနိုင်သည်။

အဆင်မပြေတာတွေ၊ အမြင်မတူတာတွေနဲ့ကြုံလာရင်ပဲဖြစ်ဖြစ်၊ ပိုမိုအဆင်ပြေချောမွေ့၍အောင်မြင်စေ ဖို့ပဲဖြစ်ဖြစ် ကျုပ်တို့လက်တွေ့လုပ်ဆောင်သင့်တာတစ်ခုရှိတယ်။ အဲဒါက ဘယ်အရာကိုပဲဖြစ်ဖြစ် သူတစ်ပါးရဲ့အမြင်၊ သူတစ်ပါးရဲ့ရှုထောင့်က အတတ်နိုင်ဆုံး ရှုမြင်ခံစားကြည့်ကြည့်ပါ။ မတူတဲ့အမြင်သစ်တစ်ခုကို ရလာမှာပါ။

ဘ၀မှာ အစစအရာရာ လေ့လာသင်ယူမှုအတွက် နားထောင်မှုအတ်ပညာကိုတတ်မြောက်အောင် လေ့ကျင့်ပျိုးထောင်ပါ။ ကျွမ်းကျင်လိမ္မာလာသူတစ်ယောက်ဖြစ်ဖို့၊ အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူ ဖို့အတွက် နားထောင်မှုစွမ်းရည်ရှိဖို့လိုအပ်သည်။

မနက်ဖြန်အတွက်အစီအစဉ်များကို ကြိုတင်သတ်မှတ်ထားပါ။ မနက်ဖြန်လုပ်မည့်လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင် စီမံကိန်းဆွဲထားပါ။ ကြိုတင်ပြင်ဆင်ခြင်းသည် လုပ်ငန်းကိစ္စ တစ်ဝက်ပြီးမြောက်နိုင်ပါသည်။

အရေးအကြီးဆုံးအချက်တစ်ခုရှိတယ်။ အဲဒါက သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကိုလေးစားဖို့ပါပဲ။ သူတစ်ပါးကို လေးစားခြင်းဖြင့် မိမိကိုလည်း လေးစားရာရောက်ပါသည်။

မိတ်ဆွေသင်္ဂဟများကို အသိအမှတ်ပြုခြင်း၊ ထိုက်သင့် မှန်ကန်သော ချီးမွှမ်းခြင်း၊ ဂုဏ်ပြုခြင်း၊ ဆုပေးခြင်းမျိုးဖြင့်လည်း ချီးမြှောက်နိုင်စွမ်းရှိရမည်။ ဒီလိုအရည်အချင်းမျိုးကို အလေ့အထဖြစ်အောင် မွေးမြုမှရသည်။ အကြောင်းမှာ လူသားများသည် မနာလို ၀န်တိုမှုဖြင့် သူများ၏ဂုဏ်သတင်းကို ပြောရမှာ တွန့်တိုတတ်သောကြောင့်ဖြစ်သည်။

ဆက်ဆံမှုနယ်ပယ်များမှာ မိမိပဲဖြစ်ဖြစ်၊ သူတစ်ပါးပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်၍ အမှားပြုလုပ်မိတာတွေ၊ မကြေမနပ်မှုတွေနဲ့ ညည်းညူတတ်တာတွေ၊ ပြင်းပြင်းထန်ထန်ဝေဖန်တတ်တာတွေနဲ့ ပတ်သက်လို့မှန်မှန်ကန်ကန်ပြန်လည်ဖြေရှင်းနိုင်အောင်ကြိုးစားသင့်ပါသည်။

တစ်ယောက်နဲ့တစ်ယောက် အတူတူနေရတဲ့အခါ အဆင်မပြေတာတွေ၊ သဘောထားကွဲလွဲစရာတွေ၊ အငြင်းပွားစရာတွေစတဲ့ကိစ္စရပ်တွေနဲ့ကြုံတတ်တာ သဘာဝပါပဲ။ ဒါတွေက တကယ်တော့ ပြဿနာမဟုတ်ပါဘူး၊ ပြဿနာက အဲဒါတွေကို မဖြေရှင်းဘဲ ကျော့ခိုင်းထွက်ခွါသွားခြင်းပါပဲ။ အဆင်မပြေတာတွေကို အပြန်အလှန်နားလည်ပေးခြင်းတွေနဲ့ ကျော်ဖြတ်နိုင်ရပါမယ်။

ဘ၀မှာ တိကျတဲ့ ပန်းတိုင်တစ်ခုကို ချမှတ်ထားဖို့ မမေ့ပါနဲ့။ ပန်းတိုင်မဲ့တဲ့ဘ၀ဟာ ပဲ့ကိုင်မရှိတဲ့ လေယဉ်ပျံလို ပြိုပျက်သွားတတ်ပါတယ်။ အပြုသဘောဆောင်တဲ့ သဘောထားတွေကို အစဉ်တစိုက်မွေးမြူပါ။ သောကတွေထပ်ကာတလဲလဲ မပွားမိဖို့ လေ့လာသင်ယူပါ။

အမြဲတမ်းကိုယ်ကျင့်တရားစောင့်စည်းမှု၊ ရိုးသားမှု၊ ကိုယ်ကိုယ့်ကို စည်းကမ်းသတ်မှတ်လေ့ကျင့်ပေးမှု၊ သင်ယူလိုမှုနဲ့ ပန်းတိုင်အပေါ်မှာ သို့မဟုတ် လုပ်ငန်းအပေါ်မှာ စိတ်အားထက်သန်မှုတွေက အောင်မြင်ရေးလမ်းကြောင်းတွင် အလွန်အရေးကြီးပါတယ်။

Sunday, October 16, 2011

မှတ်သားဖွယ်ရာ သုတအဖြာဖြာ


အသိဥာဏ်ပညာမပါသော သနားကြင်နာမှုသည် ထိခိုက်နာကျင်မှုမျိုးကိုဖြစ်ပေါ်စေနိုင် သောကြောင့် ထင်သလောက်အကျိုး ကျေးဇူးမများလှပါ။
သနားကြင်နာမှုမပါသော အသိဥာဏ်ပညာရှိခြင်းသည်လည်း ဖေးမကူညီမှုပေးမှုမျိုးကို မဖြစ် ပေါ်စေနိုင် သောကြောင့် အကျိုးကျေးဇူးမများလှပါ။
အသိဥာဏ်ပညာဖြင့်ထုံမွှမ်းထားသော သနားကြင်နာမှုသည်သာလျှင် အကျိုးကျေးဇူးများပါ သည်။

စစ်မှန်သောချစ်ခင်ကြင်နာခြင်းမျိုးသည် သူတစ်ပါးကိုလည်း လွပ်လပ်ခြင်းရသကိုပေးစွမ်းနိုင်သလို မိမိကိုယ်ကို လည်း လွပ်လပ်ခြင်းကို ပေးစွမ်းနိုင်ပါသည်။ (မိမိသူတစ်ပါး နှစ်ဦးသားကို လွပ်လပ်စေပါသည်)။

တရားဓမ္မကင်းမဲ့နေသောသူများကို တရားဓမ္မများကို မျှဝေပေးပါ။ သို့သော် ကိုယ်တိုင်မကျင့်ဖြစ် ကင်းမဲ့ နေဆဲဖြစ်သော တရားဓမ္မများကိုလည်း ကိုယ်တိုင်ကျင့်ကြံပွားများပါ။

ငြိမ်းချမ်းရေးဆိုတာ ကျေးဇူးတရားနှင့်အတူ လက်၇ှိမျက်မှောက်ကာလတွင် စတင်ဖြစ်ပေါ်လာခြင်းပင်။

ဂုဏ်ပကာသနမာန်မာနတွင် လှပခြင်းအလျဉ်းမရှိပါ။ အလှအပတွင်လည်း ဂုဏ်မာနထောင်လွှားခြင်းမျိုး မ၇ှိပါ။

လွန်ကဲသောအားနည်းချက်မဟုတ်တဲ့ ကြီးကျယ်မြင့်မားသော စွမ်းပကားများသည် ကြီးကြီးမားမား သောကများမှ ပေါ်ပေါက်လာတတ်သည်။
သင်သည်သာလျှင် သင့်ဘ၀၏ အကောင်းဆုံးနှင့်အဆိုးဝါးဆုံးသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်သည်။
လူတိုင်းသည် သင့်၏ မာရ်နတ်ရော၊ ဘုရားလောင်းပါဖြစ်နိုင်စွမ်းရှိသည်။ အထူးသဖြင့် သင်ကိုယ်တိုင်ပင်ဖြစ်ပါသည်။
လူမိုက်များသည် သူတို့၏စိတ်မချမ်းမြေ့မှုများအတွက် လောကကြီးမှာ တာဝန်ရှိသည်ဟု ရှုမြင်တတ်ကြပြီး
ပညာရှိများသည်ကား လောကလူသားများ၏ ပျော်ရွှင်ချမ်းမြေ့မှုအတွက် သူတို့မှာ တာဝန်ရှိနေသည်ဟု ရှုမြင်တတ်ကြသည်။ ။



Wednesday, October 12, 2011

အံ့မခန်း သူတို့အစွမ်း


အမျိုးသားများကို နှောင်ဖွဲ့နိုင်စွမ်းရှိသောအမျိုးသမီးများရဲ့အံ့မခန်း

အစွမ်း ထက်တဲ့ ပါဝါများ

အမျိုးသမီးများသည် အမျိုးသားများကို ---

၁။ သူတို့၏ လှပသော ရုပ်ရည်အဆင်းလေးများဖြင့်

၂။-ရယ်သံလေးများဖြင့်

၃။ ပြောသံဆိုသံ--စကားလေးများဖြင့်

၎။ သီခြင်းသံလေးများဖြင့်

၅။ မျက်ရည်စလေးများဖြင့်

၆။ ကိုယ်နေဟန်ထားလေးများဖြင့်

၇။ ပန်းရနံ့ (ပန်းကုံး)လေးများဖြင့်

၈။ အထိအတွေ့လေးများဖြင့်

-- ချည်နှောင်ရစ်ပတ် ညှိ့ယူဖမ်းစားနိုင်စွမ်းရှိကြသည်။

အဆိုပါ အချက်များဖြင့်ပင် ယောကျာ်းသားများကလည်း အမျိုးသမီးများကို ချည်နှောင်နိုင်စွမ်းရှိကြပါ သည်။ ဣတ္ထိဗန္ဓသုတ်။ ပုရိသဗန္ဓသုတ် (အင်္ဂုတ္တိုရ်)

There are eight ways with which a woman binds and enslaves a man.

A woman enslaves a man by her beautiful appearance, by laughter, by speech, by song, by tears, by attitude, by garlands and by touch.

(Itthibandha sutta and purisabandha sutta (Anguttaranikaya)

Wednesday, October 5, 2011

ကြင်နာယုယမှု



ကြင်နာယုယမှုဆိုတာ စေတနာကောင်းတစ်မျိုး သို့မဟုတ် သိမ်မွေ့လှတဲ့ သဘာဝလေးတစ်ခု။

အဲလိုယုယမှုမျိုးကို သတ္တ၀ါတိုင်းက လိုလိုလားလားသဘောကျကြိုဆိုကြတယ်၊ ချစ်ခင်နှစ်သက်ကြတယ်။

ကလေးလေးတစ်ယောက်ကို ဒါမှမဟုတ် တောရိုင်းမြေရိုင်းထဲက မယဉ်ကျေးသေးတဲ့ တိရစ္ဆာန် တစ်ကောင်ကိုပဲဖြစ်ဖြစ် သင့်ရဲ့ ကြင်နာယုယမှုလေးကို ပေးကြည့်ပါ။

သင့်ဆီကိုချဉ်းနင်းဝင်ရောက်လာတဲ့ ကြောက်ရွံ့မှုတွေ လျော့နည်းသွားပါလိမ့်မယ်။

သင်ရရှိလိုက်တဲ့ တုန့်ပြန်မှုကတော့ အင်မတန်ကို နှစ်သက်ကြည်နူးစရာပဲဖြစ်ပါလိမ့်မယ်။

သင်ဟာ ကြင်နာယုယမှုကို ငွေကုန်ကြေးကျခံစရာမလိုဘဲ ပြသခွင့်၊ ပေးကြည့်ခွင့်ရှိပါတယ်။

သင်ရ၇ှိလာတဲ့တုန်ပြန်မှုကို သင်ဟာ ချက်ချင်းလက်ငင်းကို မြင်တွေ့နိုင်မယ်။

သင့်နှလုံးသားလေးတွေ ပေါ့ပါးလန်းဆန်းသွားတာကို သင် ချက်ချင်းလက်ငင်းခံစားနိုင်မယ်။

ကြင်နာယုယမှုကို ပေးကမ်းသူနဲ့ လက်ခံရယူသူတို့ နှစ်ဦးသား ပျော်၇ွင်ကြည်နူးမှု ပေါ့ပါးလန်းဆန်းမှုတွေကို ခံစားနိုင်ကြပါတယ်။ ။

Sunday, October 2, 2011

ချစ်လို့ ယုံတဲ့ ခင်ပွန်းနဲ့ စစ်ဆေးတတ်တဲ့ ချစ်ဇနီးလေး



လှပတဲ့ အိမ်လေးတစ်လုံးမှာ လင်မယား နှစ်ယောက် သာယာတဲ့ဘ၀ပန်းခန်းတစ်ခုကို စိုက်ပျိုးတည်ထောင်နေကြသည်။ သူတို့အိမ်လေးက မေတ္တာရည်လောင်းပြီး သစ္စာပန်းလေးတွေ ဝေဆာနေလို့လားမသိ၊ ရပ်ကွက်ထဲက တခြားအိမ်လေးတွေထက်ကို သာယာလှပ နေပါသည်။ ဇနီးမောင်နှံနှစ်ဦးသား သစ္စာရှိရှိ မေတ္တာအကြင်နာအကြည့်ဖြင့် လက်တွဲနေကြလို့ပဲဖြစ်မယ်။ သူတို့ကို ကြည့်ရတာ အမြဲတမ်း ပျော်ရွှင်ကြည်နူး နေကြသလိုပါပဲ။ သူတို့ရပ်ကွက်ထဲက လူပျိုတစ်ချိုကဆိုရင်ဖြင့် သည်အိမ်ရှင် သခင်မလေးလို ချစ်သူမျိုးရဖို့ မျှော်ကိုးနေတတ်ကြပြန်တယ်တဲ့လေ။ ခင်ပွန်းသည်က သူ့ဇနီးကို အလွန်မြတ်နိုးသလို သူ့ဇနီးလေးကလည်း သူ့ခင်ပွန်းသည်ကို အလွန်ချစ်တယ်တဲ့။

မိုးဖွေးဖွေးလေးနဲ့ လွမ်းမောဖွယ်၊ ကြည်နူးဖွယ်ရာ ညနေခင်းလေးတစ်ခုမှာပေါ့--ခင်ပွန်းသည်က အလုပ်က မေတ္တာစံအိမ်လေးဆီကို ပြန်လာနေပါပြီ။ အိမ်အပြန်တံခါးဝက ဆီးကြိုနေမည့်ချစ်ဇနီးလေးရဲ့ ချစ်စဖွယ်မျက်နှာ လေးကို မြင်ယောင်ရင်းနဲ့ပေါ့။

အိမ်ကိုရောက်တော့--တံခါးဝဆီမှ ဆီးလို့ကြိုမည့်ချစ်ဇနီးလေးကို မတွေ့တာမို့ မီးဖိုချောင်ထဲများ ရှိနေမလားလို့ ရှာဖွေ့မိတေ့တာပေါ့။ ဒါပေမယ့် အထင်နဲ့ အမြင်က လုံးဝ ကွဲပြားသွားတယ်။ မြင်လိုက်တဲ့ သည်မြင်ကွင်း--ကိုယ့်မျက်စိကိုကိုယ်မယုံနိုင်လို့ နောက်ထပ်တစ်ခါ ထပ်ကြည့်မိပြန်တယ်။ တုန်ရီနေသောအသံနဲ့ အင်အားမဲ့သွားလို့ ယိမ်းယိမ်သွားတဲ့ ခန္ဓာကိုယ်ကိုထိန်းချုပ်ရင်း ရုတ်တရက် ပေါက်ကွဲထွက်သွားတဲ့အသံက------မင်းတို့ အဲဒါ ဘာလုပ်နေကြတာလဲကွ၊ မင်းတော့ သေဖို့သာ ပျင်ထားပေတော့---

--၀ုန်း--ဆိုတဲ့အသံနဲ့အတူ ထမင်းစားပွဲဘေးက ထိုင်ခုံတစ်လုံး လေထဲမှာ ပျံဝဲကာ ကခုန်သွားလေရဲ့--

ဟုတ်ပါတယ်။ ယောက်ျားအလုပ်သွားနေတဲ့အချိန် မီးဖိုချောင်ထဲမှာ သူ့ချစ်ဇနီးလေးနဲ့ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက် အနမ်းပန်းခင်းလေးစိုက်ပျိုးနေကြတာ။ (They were Kissing) မိုးမမြင်လေမမြင်အခြေအနေလေဖြစ်နေတာပါ။

--နောက်ထပ် ထိုင်ခုံတစ်လုံ သူ့ဆီကို ရောက်မလာခင် သူ့ချစ်ဇနီးလေးက ရုတ်တရက် လှမ်းအော်ပြောလိုက်တာက--

--အော်-မောင်ကလဲ ဒေါသချည်းပဲ။ မောင် ထင်သလိုမျိုးမဟုတ်ရပါဘူးနော်။ ဒီမီးဖိုချောင်ထဲမှာ ဟိုတစ်ရက်နေ့ကလေ မေ ၀ယ်ထည့်ထားတဲ့ ဒူးရင်းသီးလေးငါးခြောက်လုံးရှိတာသိတယ်မလား။ အဲဒါ တစ်လုံးနှစ်လုံး ပျောက်ပျောက်နေတာ မောင်ရဲ့။ ဒါနဲ့ မသင်္ကာလို့ လိုက်ရှာတော့ မီးဖိုချောင်မှာ ဒီကောင်လေးကို တွေ့တာ။ အဲဒါ မေကလေ သူ့ကို နင်စားလိုက်လိုက်လားလို့ မေးတာပေါ့။ သူက မစားဘူးတဲ့။ ငြင်းတယ်လေ။ သူတကယ်စားမစား သေချာသိချင်တာနဲ့ အဲဒါ မေက သူ့နှုတ်ခမ်းသားတွေကို အသေအချာစစ်ဆေးနေတာပါ မောင်ရယ်တဲ့--။

လက်ထဲက ကိုင်ပေါက်တော့မည့်ဆဲဆဲထိုင်ခုံကို အသာအယာချရင်း ချစ်ခင်ပွန်းက ယုံကြည်စွာ ပြောလိုက်တာပေါ့--

--အော်၊ ကိုယ်မသိလို့ပါကွာတဲ့--

စစ်ဆေးကျွမ်းကျင်တဲ့ ချစ်ဇနီလေးနဲ့ ချစ်တတ်လိုက်တဲ့ ချစ်ခင်ပွန်းလေးတွေ--

-ကျုပ်တို့ ပုထုဇဉ် လူသားတွေဆိုတာ အဲဒီလို ကျွမ်းကျင်လိမ္မာကြတာ---