ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဗွေမယူဘဲ ခွင့်လွှတ်လိုက်ပါ။
သင်က ကြင်နာတတ်သူဖြစ်လျင် လူတွေက သင့်ကို ဖုံးကွယ်တတ်သူပါလို့ စွပ်စွဲပြောဆိုလာနိုင်တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကြင်နာလိုက်ပါ။
သင်က ရိုးသားဖြောင့်မတ်သူဖြစ်လျှင် လူတွေက သင့်ကို လိမ်လည်လှည့်စားလာနိုင်တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရိုးသားလိုက်ပါ။
သင် ပျော်ရွှင်နေလျှင် လူတွေက သင့်ကို မနာလိုဝန်တိုဖြစ်လာနိုင်တယ်။
ဘယ်လိုဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နေပါ။
ဒီကနေ့ သင့်ပြုလုပ်ထားတဲ့ ကောင်းမှုတွေကို မနက်ဖြန်မှာ မေ့ပျောက်ကောင်းမေ့ပျောက်ပစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာကိုပဲလုပ်လိုက်ပါ။
သင့်မှာရှိတဲ့ အကောင်းဆုံးအရာတွေကို လောကလူသားများကို ပေးကမ်းပါ၊ အဲဒါဟာ ဘယ်တော့မှ လုံလောက်မှုရှိနိုင်မှာတော့ မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးတွေကို ပေးကမ်းလိုက်ပါ။
နောက်ဆုံးတော့ သင်သိမြင်တဲ့အတွက်ကြောင့် အဲဒါဟာ သင်နှင့်ဘုရားသခင်ကြားမှာပဲတည်ရှိနေတာပါ။
သို့ပေမယ့် အဲဒါဟာ သင်နှင့်သူတို့ကြားမှာရှိနေခဲ့တာမဟုတ်ပါဘူး။
--မာသာထရီစာ
0 comments:
Post a Comment