Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Saturday, September 10, 2011

မွေးနေ့မဂ်လာဆွမ်း သို့မဟုတ် လှပတဲ့ဘ၀ကမ္ဗည်းမှတ်တိုင်တစ်ခု


မွေးနေ့ ဆိုတဲ့ စကားလုံးဟာ လူသားတိုင်း အတွက် မင်္ဂလာရှိလှတဲ့ အမှတ်တရနေ့ရက်။ မွေးနေ့မွေးရက်ဆိုတာ အခွင့်အလမ်းများကို ကြိုးစားခွင့်၊ ဖမ်းဆုပ်ခွင့်၊ မျှော်လင့်ခွင့်၊ ဘ၀အိမ်မက် ချိုချိုလေးတွေကို ရင်ခုန်စွာ မက်ပိုင်ခွင့်စတဲ့အခွင့်ထူးခံနေ့ရက်များစွာကို စတင်ရရှိ လိုက်တဲ့ မင်္ဂလာနေရက်ပါပဲ၊ မွေးနေ့ဆိုတာ လူ့လောကမှာ လူ့ဂုဏ်သိက္ခာ တစ်ခု၊ ကိုယ့်ရဲ့ ဘ၀မှတ်တိုင်တစ်ခုကို စိုက်ထူးခွင့်ရလိုက်တဲ့ နေ့ရက်၊ ဘ၀သမိုင်းစာမျက်နှာသစ် တစ်ခုကို စတင်ဖန်းတီးခွင့်၊ ရေးသားခွင့်ရလိုက်တဲ့ နေ့ရက်ပါပဲ။

မိမိ၏ မွေးနေ့မွေးရက်တွေမှာ ဗုဒ္ဓဘာသာလူမျိုးအများစုဟာ မဂ်လာရှိတဲ့ ကုသိုလ်လုပ်ငန်းတစ်ခုခုကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီကနေ့ မွေးနေ့ရှင် မတင်တင်ဆွေသည် ကုသိုလ်မင်္ဂလာမျိုးစေ့တစ်ခုကို စိုက်ပျိုးပြီး လှပတဲ့ဘ၀ စာမျက်နှာသစ်ကိုတစ်ခုကို ရေးသားလိုက်ပါတယ်။

အဖဦးသိန်းတန်၊ အမိဒေါ်တင်အေးတို့အား အမှူးထား၍ သမီးဖြစ်သူ ကနေဒါနိုင်ငံနေ မွေးနေ့ရှင် မတင်တင်ဆွေသည် သူ့(မ)ရဲ့ မွေးနေ့မှာ သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်း တိုက်တွင် မြန်မာစာသင်သားသံဃာတော်တို့အား နေ့ဆွမ်းကပ်လှူခြင်းမွေးနေ့ ကုသိုလ်ပြုလိုက်ပါတယ်။ သံဃာတော်အပါး ၉၀ ခန့် (ယေဘုယျ)က မေတ္တာရှေ့ထားကာ ကြွရောက်ဘုန်းပေးသုံးဆောင်ကြပါသည်။ သံဃာတော်များက မွေးနေ့ရှင် မတင်တင်ဆွေနှင့်တကွ သူ့(မ)မိသားစုဝင်များအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် သာယာပျော်ရွှင်သော ဘ၀လမ်းခရီးကို လျှောက်လှမ်းပါစေခြင်းအကျိုးငှါ မေတ္တာေ၇ှးထား၍ သမန္တာအစဖြာသည့် မေတ္တသုတ်၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်စသည့်ပရိတ်တရားတော်များနှင့် ဘ၀တုသဗ္ဗမင်္ဂလံသုံးဂါထာတို့ကို ရွတ်ဖတ်ပူဇော် ပေးသနားတော်မူကြပါသည်။

မွေးနေ့ရှင်သည် 9-9-2011 ရက် မင်္ဂလာမွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာကာလတိုင်အောင် ပြုလုပ်နေမြဲဖြစ်သော အတ္တဟိတ၊ ပရဟိတလုပ်ငန်းများကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ပြုလုပ်နိုင်ပါစေ။ ဒါန၊ သီလ၊ ဘာဝနာလုပ်ငန်း များကိုပြုလုပ်လျှက် တန်းဖိုးရှိသောအမျိုးကောင်းသမီးတစ်ယောက် အမြဲတမ်း ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။

မွေးနေ့ဆွမ်းအလှူသည် ကြွရောက်ဘုန်းပေးကြသောသံဃာတော်များရဲ့စိတ်နှလုံးကို ကုသိုလ် အပြုံးနှင့် ပီတိဖုံးစေနိုင်ခဲ့ပါသည်။ စာရေးသူသည် သည်မွေးနေ့ဆွမ်းအလှူမဂ်လာကိစ္စတွင် ကူညီခွင့် သို့မဟုတ် ဝေယျာဝစ္စပြုလုပ်ခွင့်တစ်ခုကိုပိုင်ဆိုင်ခွင့်ရသောကြောင့် အလွန်ပင် ၀မ်းသာပီတိဖြစ်ရသည်ကား အမှန်ပင်။ ထိုနည်းတူစွာ မွေးနေ့ဆွမ်းအလှူရှင်သည်လည်း ၀မ်းသာပီတိဖြစ်၍ ဟဒယနှလုံးရွှင်ပြုံးနေလိမ့်မည်ဟု ယုံကြည်နေ မိပါသည်။

သည်မွေးနေ့ဆွမ်းတွင် ဆွမ်းဟင်းများသည် အလွန်ပင် စိတ်နှလုံးကို ကြည်နူးစေပါသည်။ ဆွမ်းဟင်းများသည် မကုဋာရာမမြန်မာကျောင်းတိုက်တွင်းသီတင်းသုံးသောသံဃာတော်များအပြင်၊ ဒေသခံ ကျောင်းတိုက် (ကုလားကျောင်း) များတွင် သီတင်းသုံးနေကြသောသံဃာများအတွက်ပါ ကြိုတင်တွက်ဆ ချက်ပြုတ်ထားသောကြောင့် အလိုလုံးဝမရှိဘဲအပိုသာရှိကာ အလှူရှင်၊အလှူခံတို့၏ ဆန္ဒပြည့်ဝခဲ့ ရပါသည်။

မွေးနေ့ဆွမ်းဟင်းများသည် အစစအရာရာကို ကူညီလုပ်ပေးကြသော စာရေးသူ၏ မိတ်ဆွေ ညီတော်၊နောင်တော် အာရကန်(ရခိုင်) ရဟန်းတော်များရဲ့ ကြိုလင့်သော လက်များ၊ မေတ္တာလွှမ်းခြုံသော နှလုံးများဖြင့် ကူညီဖေးမချက်ပြုတ်ပေးသောကြောင့် အလွန်ပင်ရသမြောက်ကာ သုံးဆောင်လို့ကောင်းမွန် လှပါသည်။ မှန်ပါသည်။ ထမင်း၊ ဟင်းချက်ပြုတ်ပေးသော သူငယ်ချင်းများရဲ့ လက်ရာ ကောင်း၊ မကောင်း ဆိုသည်ကိုကား ၀က်သားဟင်း၊ ကန်စွန်းဟင်းအစိမ်းကြော်၊ ငပိချက်၊ သခွါးသီးဟင်းချိုနှင့် ဂေါ်ဖီထုပ်၊ ယုန်းပလီသီး တို့စရာ များစွာတို့ကို နှစ်ကြိမ်၊ သုံးကြိမ် ထပ်မံလိုက်ပေးနေရသည်ကို ကြည့်ရှုခြင်းအားဖြင့် အထူးဆိုဖွယ်လိုမည်မထင်ပါဘူး။ စာရေးသူ၏ညီတော်၊ နောင်တော်မိတ်ဆွေရဟန်းတော်များရဲ့ နွေးထွေးသောပျူငှာသောလက်များ၊ ကြည်လင်အေးမြသောမေတ္တာ၊ အပြန်အလှန်နားလည် သပေါက်မှု စွမ်းအင်တို့ဖြင့်ကူညီဖေးမမှုကြောင့် မွေးနေ့ဆွမ်းအလှူသည် စိတ်နှလုံးကို ပိုမိုကြည်နူးစေ ပြန်ပါသည်။

မွေးနေ့ရှင်ကိုယ်စား စာရေးသူသည် ကူညီပေးကြသောသူငယ်ချင်းများအားလုံးကို အလွန်ပင်ကျေးဇူး တင်ပါသည်။ ဖွင့်မပြောဘဲရင်ထဲကကျေးဇူးတင်နေမိတာတွေက ခဏတာနှုတ်ဟဖွင့်ပြောပြမိတဲ့ ကျေးဇူးစကား တွေထက် စာရေးသူနဲ့၊ စာရေးသူရဲ့ ကျေးဇူးရှင်၊ စာရေးသူဘ၀ကို အတတ်နိုင်ဆုံး အကောင်း ဆုံးဖြစ်အောင် အစစအရာရာ ကူညီဖေးမလမ်းပြပေးနေသူ မွေးနေ့ရှင် ရဟန်းတကာမ မတင်တင်ဆွေနှင့်အတူ သူမ၏မိသားစုများရဲ့ နှလုံးသားတွေထဲမှာ တကယ့်ကိုနက်နက်နဲနဲစွဲမြဲမြဲ ထင်ကျန်နေဆဲဖြစ်ပါတယ်။ သီရိလက်ာနိုင်ငံမှာ ဗုဒ္ဓစာပေတွေကို ခေတ်မီစွာ လေ့လာသင်ကြားနေကြသော မြန်မာစာသင်သား ရဟန်းတော်များကို နေ့ဆွမ်းအလှူ မွေးနေ့ကုသိုလ်ပြုလုပ်ခြင်းဖြင့် သည်မင်္ဂလာမွေးနေ့က မွေးနေ့ဆွမ်းအလှူရှင် မတင်တင်ဆွေအတွက် လှလှပပအမှတ်တရ ဘ၀ ကမ္ဗည်းတစ်ခုကိုစိုက်ထူထားလိုက်ပြီးဖြစ်ပါသည်။။

0 comments:

Post a Comment