
ကျုပ်မာနကြီးသည်၊ လူသားသည် ဘ၀မှာ ဘယ်သောအခါမှ ဘယ်ကိစ္စအတွက်ကိုသော်မှ မာနမကြီးသင့်ဘူးလားဟုဆိုလျှင် မည်သို့ အဖြေထုတ်သင့်သနည်း။
မာနဟူသည် နေရာတိုင်းတွင် ဆုပ်ကိုင်ထားသင့်သော အရာမဟုတ်ချေ။ အကြောင်းမှာ မာနဟူသည် ရလဒ်ကောင်းကို မပေးနိုင်သောကြောင့်ဟု မှတ်ရာ၏။
သို့သော် မိမိကိုယ်ကျင့်သီလ၊ စာရိတ္တမဏ္ဍိုင်များ အတွက်၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံအတွက်တော့ ထိုက်သင့်သော မာန၇ှိရမည်ဟုလည်း ယူဆကြပြန်သည်။
သူတော်စင်အဆင့်မေ၇ာက်သေးသော လူသားအကြမ်းထည်တစ်ခုသည် မာနနှင့်ကင်း၍ ရပ်တည်နိုင်မှု အမှန်တကယ်ကော ရှိပါ့မလားဟု တွေးတောဖွယ်လည်းဖြစ်၏။ အဖြေမှာ မရနိုင် ၊ မဖြစ်နိုင်ဟု ဆိုရမည်။
မိမိအရည်အချင်းနှင့် မထိုက်တန်သော အခွင့်အေ၇းအတွက် ကိုယ့်ကျင့်စာရိတ္တ မာနချတာ..မာနမ၇ှိတာ မဖြစ်သင့်ပေ။ ကိုယ်ကျိုးအတွက် အများကို ခုတုံးလုပ်ဖို့ ကိုယ့်မှာ မာနမ၇ှိသည့်အသွင် ဟန်ဆောင် ကောက်ကျစ်ခြင်းကား မကောင်းလှ၊ မသင့်တော်ချေ။
မဟုတ်တာ မကြံဖို့၊ မပြောဖို့၊ မလုပ်ဖို့၊ ဟုတ်မှန်တာပြောဆို ၇ပ်တည်ဖို့ မာနသတ္တိမွေးရမည်။ မာနကို တန်ဖိုးဖြင့် သုံးသပ်စေ့ငုမိသည့်သဘောကိုဆိုလိုသည်။
ကျွန်စိတ်ပေါက်သော အခါ ကိုယ်ကျင့်မာနများပျောက်ကွယ်သွားသည်။ သခင်စိတ်ပေါက်ကာ သခင်မာနထားသင့်သည်။ သို့သော် အ၇ပ်ထဲက နားလည်သည့် တစ်လောကလုံး လူမထင်တဲ့ မာနမျိုးတော့ လုံးဝ မထားသင့်ပေ။
သို့ဆိုလျှင် မာနကို မည်သို့နားလည်နိုင်မည်နည်။ မာနမှာဖွင့်ဆိုချက် များစွာရှိပါသလား။ မာနကို သ၇ုပ်ကွဲဖို့တော့လိုမည်။ အရာရာသည် ဖွင့်ဆိုချက်အရ သရုပ်သကန်များလည်း ကွဲပြားသွားပြီလော့ဟုလည်း စဉ်းစားဖွယ်။ မည်သို့ဆိုစေ...
မာနသည်
၁။ နှစ်သက်မြတ်နိုးတွယ်တာခြင်း၊
၂။ ချိန်ခြင်း၊တိုင်းတာတတ်ခြင်း၊
၃။ သာလွန်ထက်မြက်သည်ဟုထင်မှတ်ယူဆတတ်သည့်သဘော၇ှိခြင်း အားဖြင့် မာနသဘောကို သုံးမျိုး နားလည်နိုင်သည်။
အဘိဓမ္မာအရ သူက သုံးမျိုးကွဲပြားသည်။
၁။ ဟီနမာန = ပစ္စည်း၊ ဥစ္စာ၊ ပညာ၊ ရာထူးစသည်အားဖြင့် သူများထက်နိမ့်ကျတော့ကော ဘာဖြစ်လဲ၊ ကိုယ့်ထမင်းကိုယ်စားတာ၊ သူများ ဘာဂရုစိုက်၇မှလဲဟု မှတ်ထင်ယူဆခြင်းမျိုး။ (သိမ်ငယ်စိတ်ဖြင့် ပြန်ပက်ခြင်း)
၂။ သဒိသမာန = ပစ္စည်း၊ ဥစ္စာ၊ ပညာ၊ ရာထူးစသည်အားဖြင့် သူနဲ့ကိုယ်နဲ့ အတူတူပဲ။ ဘာကွာလို့ ဂ၇ုစိုက်ရမှာတုန်းစသည်အားဖြင့် ဂုဏ်ပြိုင်ယူဆခြင်းမျိုး။ (ပြိုင်ဆိုင်မှုဖြင့် ချိန်ထိုး ဂုဏ်ယူခြင်း)
၃။ သေယျမာန = ပစ္စည်း၊ ဥစ္စာ၊ ပညာ၊ ရာထူးစသည်အားဖြင့် သူများထက် အကုန်သာတယ်၊ မြင့်တယ်၊မြတ်တယ်လို့ ထင်မြင်ယူဆခြင်းမျိုး။ (ဘ၀င်လေဟပ်ခြင်း) (ဘ၀င်မြင့်ခြင်း)
စိတ်ပညာသဘောအရ
Inferiority Complex ခေါ် ဟီနမာနသည် သိမ်ငယ်စိတ်တစ်မျိုးပင်၊ သူသည် သိမ်ငယ်စိတ်ကိုဖြစ်ပေါ်စေတတ်သဖြင့် မကောင်းပေ။ ဘ၀တက်လမ်းများ ပိတ်သည်။ ယုတ်ညံ့သည်။
Comparison Complex ခေါ် သဒိသမနာသည် နှိုင်းယှဉ်မှု၊ ပြိုင်ဆိုင်မှုသဘောများကို ဖြစ်စေသဖြင့် အပြုသဘောမဆန်လှချေ။ ဆိုကျိုးဖြစ်စေသည်။ ထိုနှိုင်းယှဉ်မှုကြောင့် သိမ်ငယ်စိတ်သာမဟုတ် ဘ၀င်မြင့်စိတ်ကိုလည်း ဖြစ်ပေါ်စေတတ်သည်။
Superiority Complex ခေါ် သေယျမာနသည် ဘ၀င်မြင့်စိတ်ကို မွေးဖွားပေးတတ်သည်။ သူများကို အထင်သေးတတ်သည်။
ထိုတ၇ားများသည် လောဘကို အခြေတည်၍ မွေးဖွားရှင်သန်နေကြသည်ဟု နားလည်နိုင်သည်။
သည်တ၇ားများ မဖြစ်အောင် နေလိုလျှင် ယောနိသောမနသိကာရခေါ် ကြိုးကြောင်းဆီလျှော်အောင် မှန်မှန်ကန်ကန် အခါအားလျှော်စွာ နှလုံးသွင်းခြင်း၊ စိတ်ထားခြင်းဖြင့် နေသင့်သည်။ နေမှသာ အကုသိုလ်ကင်းမည်။
ဤမာနတရားများသည် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးများကို နှလုံးသွင်းလွဲမှားစွာ အတ္တ ပေတံဖြင့်တိုင်းသဖြင့် မကောင်းလှချေ။ သရုပ်ပျက်လှသည်။
ကုသိုလ်မာနဟု မ၇ှိသော်လည်း ကိုယ့်ကျင့်စာရိတ္တကို ချမနင်းမိဖို့ ၊ တန်ဖိုးထားဖို့ ကိုယ်ပိုင်ဟန်မာနလိုအပ်သည်ဟုဆိုလျှင် အငြင်းပွားဖွယ်ဖြစ်မည်လော့၊
ဇာတိ၊ ပုည၊ ဂုဏ်မနာဟူဆိုကြသည်မဟုတ်လော့။
ကျုပ်တော့ ကျုပ်ကိုယ်ကျင့်သိက္ခာ အရောင်းဆိုး မစွန်းထင်းဖို့ မာနရှိနေမည်။ အလကားရ အလကားယူ၊ အလကားလူ မဖြစ်အောင် မာနထားရမည်။ သို့သော် မလိုလားအပ်သော အထက်ဖော်ပြပါ အကိုသိုလ်မာနသုံးမျိုးတော့ မရှိအောင် ကြိုးစားနေမည်။ ကိုယ့်ကျင့်တရားမဏ္ဍိုင်ကို ခိုင်အောင်လုပ်တာ မာနမဟုတ်ဘူး၊ သီလဟုလည်း ဆိုရာ၏။ သီလမကျိုးအောင် သတိဖြင့်လည်း ထိန်းရာ၏။ သမာဓိ၊ ပညာဖြင့်လည်း အနားကွပ်၍ သန့်ရှင်စွာ အလှဆင်ရာ၏။
မည်သို့ဆိုစေ လောကစကား လောကဝေါဟာရအရ ကျုပ်မကြာခဏ မာနကြီးနေမိသည်။ ။ ကျုပ်ရဲ့ ပေါ့ပေါ့ပျက်ပျက် မာနသရုပ်သကန်ကို ခဏကွာရှင်းလျှက်၊ မာနကို ခဏလေးဖြစ်ဖြစ်ခ၀ါချ၍ နေနိုင်အောင် ကြိုးစားချင်မိသည်။ ။
0 comments:
Post a Comment