Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Friday, July 5, 2013

နောင်လေးတွေ ရခဲ့ရင်

ကျုပ်တို့ နောင်တကောင်းလေးတွေ ရဖို့ မလိုအပ်တော့ဘူးလား။ နောင်တဆိုမှ ကောင်းတယ်လို့ ၇ှိပါ့မလားဟု တွေးတောဖွယ်လည်းရှိနိုင်၏။ သို့သော် နောင်တကောင်းတွေလည်း ရှိသည်သာ။

နောင်တဆိုတာ မကောင်းဘူးတဲ့။ နောင်တမရအောင်နေတဲ့--လူတွေက ပြောကြတယ်။ တကယ်ပဲ နောင်တဆိုတာ အမြဲတမ်းမကောင်းဘူးလား။
ကောင်းတဲ့ နောင်တတွေကော လုံးဝ မရှိတော့ဘူးလား။

မရသင့်တဲ့ နောင်တ၊ ရသင့်တဲ့ နောင်တဆိုပြီး သရုပ်ကွဲ၇န်လည်း သတိပြုသင့်တယ်။ တကယ်တော့ လူတွေဟာ အတွေးမှား၊ အဆိုမှား၊ အပြုမှားတွေကို ပြုလုပ်မိရင် နောင်တရသင့်တယ်။ နောင်တရကာ ရှောင်ကြဉ်ရာ၏။

ဘ၀သံသရာမှာ ကျင်လည်ရမှု..မွေးခြင်း၊ အိုခြင်း၊နာခြင်း၊ သေခြင်းဘေးဆင်းရဲတို့ကို နောင်တရသင့်တယ်။
လောဘ တဏှာနဲ့ ဒေါသတွေ၊။ မောဟတွေကို ထပ်တလဲလဲ အားသစ်လောင်းပေးနေမိတဲ့ ဒီအတွေးအခေါ် ၊ အပြောအဆို၊ အပြုအမူမျိုးကို စက်ဆုတ်သင့်တယ်၊ နောင်တသံဝေဂယူသင့်တယ်။

အကုသိုလ်တွေ မလုပ်ဘဲ ကုသိုလ်တွေအပြတ်အားထုတ်ဖို့ အားခဲရင်း ဒါန၊ သီလ၊ ဘာဝနာကင်းမဲ့ကာ နေထိုင်ရှင်သန်ခဲ့သော နေ့၊လ၊ နှစ်ရက်တွေအတွက် နောင်တသံဝေဂ ယူသင့်တယ်။ ကုသိုလ်မဲ့ရှင်သန်မှုတွေကို နောင်တယူရင်း ကုသိုလ်ပြန်လုပ်သင့်တယ်။ သံဝေဂဆိုတာ ယူသင့်တယ်လေ။

နောင်တသံဝေဂတွေ ပွားများရင်း ဒီခန္ဒာအတ္တဘောကို ငြီးငွေ့တဲ့ သံသရာမှလွတ်လိုတဲ့ သံဝေဂဥာဏ်လေး ဖြစ်အောင်ကြိုးစားရမယ်။

နောင်တတွေနဲ့ မိတ်ဖွဲ့ရင်း အမှားနောင်တတွေ မစိုက်ပျိုးဖို့တော့ လိုအပ်တယ်။
နောင်တတွေကို ဖယ်ခွါဖို့ ကြိုးစားရင်း နောင်တမီးတွေကို ထပ်တလဲလဲမွှေးထားနေမိပြီလားဟုတွေးမိရင်း ရင်မောရတယ်။

ကောင်းတဲ့နောင်တသံဝေဂကိုပွားများအားထုတ်ရင်း နောင်တကင်းရာကို ရောက်နိုင်ရာ၏။
နောင်တကင်းရာကိုေ၇ာက်ဖို့ နောင်တကောင်းတွေရတတ်ဖို့လည်း လိုအပ်သည်။

နောင်တတွေကို သင်ခန်းစာယူကာ သံဝေဂအဖြစ်မပြောင်းလဲနိုင်သေး သမျှ တော့ နောင်တလှောင်အိမ် ထဲမှာ နောင်တစရာတွေနဲ့ ရှင်သန်နေရဦးမည်။
နောင်တဆိုးတွေကို သံဝေဂအဖြစ်ပြောင်းလဲကာ နောင်တကင်းရာ သို့ ရောက်နိုင်အောင် နောင်တလှောင်ချိုက်ထဲက စဉ်းစားရင်း ကြိုးစားနေမိတယ်။ နောင်တလေးတွေရခဲ့ရင် ကောင်သော နောင်တဖြစ်ပါစေ။ ။

0 comments:

Post a Comment