Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Wednesday, October 26, 2011

မှတ်ဖွယ်မှတ်ရာ သုတအဖြာဖြာ 2


လူသားဆိုတာ လူမှုရေးသတ္တ၀ါတစ်မျိုးပဲဖြစ်ပါတယ်။ နေ့စဉ်လူနေမှုဘ၀မှာ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့စေဖို့အတွက် နည်းလမ်းကောင်းတွေကို လေ့လာမှတ်သားလိုက်နာ ထားသင့်ပါတယ်။

လူမှုဆက်ဆံရေးနယ်ပယ်မှာ လိမ်ညာမှုကိုကြိုက်နှစ်သက်တဲ့လူမျိုးဆိုတာ မရှိနိုင်ပါဘူး။ သူတစ်ပါး အပေါ်မှာ အလိမ်အညာ မာယာမပါဘဲ စစ်မှန်တဲ့ စိတ်ဝင်စားမှုမျိုးကို ပြသပေးပါ။

သူတစ်ပါးအပေါ်မှာ စစ်မှန်တဲ့ စိတ်ဝင်စားမှုမျိုးကိုပြသခြင်းထက် ဘယ်အရာကမှ ပိုမို၍အကျိုး သက်ရောက်မှုမရှိနိုင်ပါဘူး။

ခေါင်းဆောင်မှုစွမ်းရည်၊ ခေါင်းဆောင်မှုအတတ်ပညာများကို သင့်သန္တာန်တွင်သာ ရအောင်ရှာဖွေပါ။ သင့်မှာ သင်ကိုယ်တိုင်မသိသေးတဲ့ အစွမ်းအစများစွာရှိနေပါသည်။ သူတစ်ပါးဆီက လေ့လာသင်ယူ၍ သင့်သန္တာန်မှာ ခေါင်ဆောင်မှုစွမ်းရည်ကို ရအောင်ရှာဖွေပါ။

လူဆိုတာ လူ့အသိုက်အမြုံမှာ ရှင်သန်နေထိုင်ရတာမို့ လူ့ဘောင်အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်များနဲ့ အမြဲတမ်းဆက်သွယ်ပါ၊ လူမှုဆက်သွယ်ရေးယန္တရားအတတ်ပညာသည် သင့်ဘ၀ကို သာယာလှပအောင် ဖန်ဆင်းပေးနိုင်သည်။

အဆင်မပြေတာတွေ၊ အမြင်မတူတာတွေနဲ့ကြုံလာရင်ပဲဖြစ်ဖြစ်၊ ပိုမိုအဆင်ပြေချောမွေ့၍အောင်မြင်စေ ဖို့ပဲဖြစ်ဖြစ် ကျုပ်တို့လက်တွေ့လုပ်ဆောင်သင့်တာတစ်ခုရှိတယ်။ အဲဒါက ဘယ်အရာကိုပဲဖြစ်ဖြစ် သူတစ်ပါးရဲ့အမြင်၊ သူတစ်ပါးရဲ့ရှုထောင့်က အတတ်နိုင်ဆုံး ရှုမြင်ခံစားကြည့်ကြည့်ပါ။ မတူတဲ့အမြင်သစ်တစ်ခုကို ရလာမှာပါ။

ဘ၀မှာ အစစအရာရာ လေ့လာသင်ယူမှုအတွက် နားထောင်မှုအတ်ပညာကိုတတ်မြောက်အောင် လေ့ကျင့်ပျိုးထောင်ပါ။ ကျွမ်းကျင်လိမ္မာလာသူတစ်ယောက်ဖြစ်ဖို့၊ အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူ ဖို့အတွက် နားထောင်မှုစွမ်းရည်ရှိဖို့လိုအပ်သည်။

မနက်ဖြန်အတွက်အစီအစဉ်များကို ကြိုတင်သတ်မှတ်ထားပါ။ မနက်ဖြန်လုပ်မည့်လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင် စီမံကိန်းဆွဲထားပါ။ ကြိုတင်ပြင်ဆင်ခြင်းသည် လုပ်ငန်းကိစ္စ တစ်ဝက်ပြီးမြောက်နိုင်ပါသည်။

အရေးအကြီးဆုံးအချက်တစ်ခုရှိတယ်။ အဲဒါက သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကိုလေးစားဖို့ပါပဲ။ သူတစ်ပါးကို လေးစားခြင်းဖြင့် မိမိကိုလည်း လေးစားရာရောက်ပါသည်။

မိတ်ဆွေသင်္ဂဟများကို အသိအမှတ်ပြုခြင်း၊ ထိုက်သင့် မှန်ကန်သော ချီးမွှမ်းခြင်း၊ ဂုဏ်ပြုခြင်း၊ ဆုပေးခြင်းမျိုးဖြင့်လည်း ချီးမြှောက်နိုင်စွမ်းရှိရမည်။ ဒီလိုအရည်အချင်းမျိုးကို အလေ့အထဖြစ်အောင် မွေးမြုမှရသည်။ အကြောင်းမှာ လူသားများသည် မနာလို ၀န်တိုမှုဖြင့် သူများ၏ဂုဏ်သတင်းကို ပြောရမှာ တွန့်တိုတတ်သောကြောင့်ဖြစ်သည်။

ဆက်ဆံမှုနယ်ပယ်များမှာ မိမိပဲဖြစ်ဖြစ်၊ သူတစ်ပါးပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်၍ အမှားပြုလုပ်မိတာတွေ၊ မကြေမနပ်မှုတွေနဲ့ ညည်းညူတတ်တာတွေ၊ ပြင်းပြင်းထန်ထန်ဝေဖန်တတ်တာတွေနဲ့ ပတ်သက်လို့မှန်မှန်ကန်ကန်ပြန်လည်ဖြေရှင်းနိုင်အောင်ကြိုးစားသင့်ပါသည်။

တစ်ယောက်နဲ့တစ်ယောက် အတူတူနေရတဲ့အခါ အဆင်မပြေတာတွေ၊ သဘောထားကွဲလွဲစရာတွေ၊ အငြင်းပွားစရာတွေစတဲ့ကိစ္စရပ်တွေနဲ့ကြုံတတ်တာ သဘာဝပါပဲ။ ဒါတွေက တကယ်တော့ ပြဿနာမဟုတ်ပါဘူး၊ ပြဿနာက အဲဒါတွေကို မဖြေရှင်းဘဲ ကျော့ခိုင်းထွက်ခွါသွားခြင်းပါပဲ။ အဆင်မပြေတာတွေကို အပြန်အလှန်နားလည်ပေးခြင်းတွေနဲ့ ကျော်ဖြတ်နိုင်ရပါမယ်။

ဘ၀မှာ တိကျတဲ့ ပန်းတိုင်တစ်ခုကို ချမှတ်ထားဖို့ မမေ့ပါနဲ့။ ပန်းတိုင်မဲ့တဲ့ဘ၀ဟာ ပဲ့ကိုင်မရှိတဲ့ လေယဉ်ပျံလို ပြိုပျက်သွားတတ်ပါတယ်။ အပြုသဘောဆောင်တဲ့ သဘောထားတွေကို အစဉ်တစိုက်မွေးမြူပါ။ သောကတွေထပ်ကာတလဲလဲ မပွားမိဖို့ လေ့လာသင်ယူပါ။

အမြဲတမ်းကိုယ်ကျင့်တရားစောင့်စည်းမှု၊ ရိုးသားမှု၊ ကိုယ်ကိုယ့်ကို စည်းကမ်းသတ်မှတ်လေ့ကျင့်ပေးမှု၊ သင်ယူလိုမှုနဲ့ ပန်းတိုင်အပေါ်မှာ သို့မဟုတ် လုပ်ငန်းအပေါ်မှာ စိတ်အားထက်သန်မှုတွေက အောင်မြင်ရေးလမ်းကြောင်းတွင် အလွန်အရေးကြီးပါတယ်။

0 comments:

Post a Comment