Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Sunday, October 16, 2011

မှတ်သားဖွယ်ရာ သုတအဖြာဖြာ


အသိဥာဏ်ပညာမပါသော သနားကြင်နာမှုသည် ထိခိုက်နာကျင်မှုမျိုးကိုဖြစ်ပေါ်စေနိုင် သောကြောင့် ထင်သလောက်အကျိုး ကျေးဇူးမများလှပါ။
သနားကြင်နာမှုမပါသော အသိဥာဏ်ပညာရှိခြင်းသည်လည်း ဖေးမကူညီမှုပေးမှုမျိုးကို မဖြစ် ပေါ်စေနိုင် သောကြောင့် အကျိုးကျေးဇူးမများလှပါ။
အသိဥာဏ်ပညာဖြင့်ထုံမွှမ်းထားသော သနားကြင်နာမှုသည်သာလျှင် အကျိုးကျေးဇူးများပါ သည်။

စစ်မှန်သောချစ်ခင်ကြင်နာခြင်းမျိုးသည် သူတစ်ပါးကိုလည်း လွပ်လပ်ခြင်းရသကိုပေးစွမ်းနိုင်သလို မိမိကိုယ်ကို လည်း လွပ်လပ်ခြင်းကို ပေးစွမ်းနိုင်ပါသည်။ (မိမိသူတစ်ပါး နှစ်ဦးသားကို လွပ်လပ်စေပါသည်)။

တရားဓမ္မကင်းမဲ့နေသောသူများကို တရားဓမ္မများကို မျှဝေပေးပါ။ သို့သော် ကိုယ်တိုင်မကျင့်ဖြစ် ကင်းမဲ့ နေဆဲဖြစ်သော တရားဓမ္မများကိုလည်း ကိုယ်တိုင်ကျင့်ကြံပွားများပါ။

ငြိမ်းချမ်းရေးဆိုတာ ကျေးဇူးတရားနှင့်အတူ လက်၇ှိမျက်မှောက်ကာလတွင် စတင်ဖြစ်ပေါ်လာခြင်းပင်။

ဂုဏ်ပကာသနမာန်မာနတွင် လှပခြင်းအလျဉ်းမရှိပါ။ အလှအပတွင်လည်း ဂုဏ်မာနထောင်လွှားခြင်းမျိုး မ၇ှိပါ။

လွန်ကဲသောအားနည်းချက်မဟုတ်တဲ့ ကြီးကျယ်မြင့်မားသော စွမ်းပကားများသည် ကြီးကြီးမားမား သောကများမှ ပေါ်ပေါက်လာတတ်သည်။
သင်သည်သာလျှင် သင့်ဘ၀၏ အကောင်းဆုံးနှင့်အဆိုးဝါးဆုံးသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်သည်။
လူတိုင်းသည် သင့်၏ မာရ်နတ်ရော၊ ဘုရားလောင်းပါဖြစ်နိုင်စွမ်းရှိသည်။ အထူးသဖြင့် သင်ကိုယ်တိုင်ပင်ဖြစ်ပါသည်။
လူမိုက်များသည် သူတို့၏စိတ်မချမ်းမြေ့မှုများအတွက် လောကကြီးမှာ တာဝန်ရှိသည်ဟု ရှုမြင်တတ်ကြပြီး
ပညာရှိများသည်ကား လောကလူသားများ၏ ပျော်ရွှင်ချမ်းမြေ့မှုအတွက် သူတို့မှာ တာဝန်ရှိနေသည်ဟု ရှုမြင်တတ်ကြသည်။ ။



0 comments:

Post a Comment