Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Sunday, May 29, 2011

စိန်မြေတစ်ခွင်



ဟားဖစ်ဇ်ဟာ အာဖရိကကေ၇ာင့်ရဲ့တင်းတိမ်ကာ ပျော်ရွှင်နေတဲ့ လယ်သမား တစ်ယောက်။ သူကပျော်ပျော်ပဲလေ၊ ဘာလို့ဆို သူက ရောင့်ရဲတင်းတိမ်းတတ်တာကိုး။ သူကေ၇ာင့်ရဲ တင်းတိမ်တတ်တာပေါ့၊ ဘာကြောင့်ဆို သူက ပျော်နေလို့လေ။ တစ်နေ့တော့ ပညာရှိတစ်ယောက် သူ့ဆီကိုေ၇ာက်လာပြီး စိန်တွေရဲ့ ဂုဏ်သတ္တိနဲ့ စွမ်းအင်တွေအကြောင်းကို သူ့ကိုပြောပြလိုက်လေရဲ့။ ပညာရှိပြောတာက---ခင်ဗျားမှာ လက်မအရွယ် စိန်တစ်ပွင့်သာရှိမယ်ဆိုရင် ခင်ဗျားလေ ကိုယ်ပိုင် မြို့လေးတစ်မြို့တောင် ၀ယ်နိုင်တယ်။ ခင်ဗျားရဲ့ လက်သီးဆုပ်အရွယ် စိန်တစ်လုံးသာရှိလို့ကတော့ ခင်ဗျားဟာ ကိုယ်ပိုင်နိုင်ငံတောင် ပိုင်ဆိုင်နိုင်သေးတယ်ဗျာ--တဲ့။ အဲဒီနောက်တော့ ပညာရှိကလည်း ပြန်ထွက်သွားတာပေါ့။ အဲဒီညမှာ ဟားဖစ်ဇ်တစ်ယောက် အိပ်မပျော်နိုင်တော့ပါဘူး။ သူမပျော်နိုင်၊မရောင့်ရဲနိုင်တော့ပါဘူး။ သူကမှ မရောင့်ရဲနိုင်တော့တာ သူမပျော်နိုင်တော့ဘူးပေါ့၊ သူမပျော်နိုင်တော့တာဟာ သူက မရောင့်ရဲမတင်းတိမ်နိုင်တော့လို့လေ။

နောက်နေ့မနက် ဟားဖစ်ဇ်တစ်ယောက် သူ့လယ်ယာမြေကိုရောင်းကာ မိသားစုကို ပြုစုစောင့် ရှောက်နိုင်ဖို့ အစီအစဉ်တွေကို ပြုလုပ်ပြီးတော့ စိန်ရှာပုံတော်ခရီးကို စတင်တော့တာပေါ့။ အာဖရိကတစ်ဝှမ်းလုံး လိုက်လံရှာဖွေတာ ဘာတစ်ခုမှကို မတွေ့ရပါဘူး။ ဥရောပတိုက်တစ်လျှောက် လိုက်လံရှာဖွေပြန်လည်း စိန်လေးတစ်ပွင့်မျှပင့် မတွေ့နိုင်ရှာဘူး။ စပိန်ကိုရောက်ချိန်မှာတော့ သူဟာ ကိုယ်ရော စိတ်ပါနွမ်းလျှတဲ့အပြင် ငွေကြေးတွေပါ ကုန်ခမ်းသွားရှာပြီ။ သူခမျာ စိတ်ပျက်အားငယ်လွန်းလို့ ဘာစီလိုနာမြစ်ထဲကို ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါလေရဲ့။

နောက်ကြောင်းကိုပြန်ကြည့်ရအောင်--- သူ့လယ်မြေကို ၀ယ်ထားလိုက်တဲ့ သူက လယ်ယာမြေတစ်လျှောက် စီးဆင်းနေတဲ့ စမ်းချောင်းလေးမှာ ကုလားအုတ်တွေကို ရေးချိုးပေးနေတယ်။ စမ်းချောင်းတစ်လျှောက်မှာ နံနက်ခင်းရဲ့နေရောင်ခြည်တွေက ကျောက်တစ်လုံးပေါ်ထိုးလိုက်တာ သက်တံရောင်လို အရောင်တွေဖြာလက်လို့ထွက်သွားတယ်။ ဒီကျောက်တုံးကို ဧည့်ခန်းမှာထားရင် ကြည့်ကောင်းမယ်လို့ သူက စဉ်းစားမိတယ်။ ကျောက်တုံးလေးကို ကောက်ကူပြီး သူ့ရဲ့ အပေါ်ရုံအ၀တ်ပိုင်းလေးပေါ်မှာ တင်ထားလိုက်တယ်။ အဲဒီနေ့လယ်ခင်းမှာပဲ ပညာရှိက ရောက်လာတော့ အရောင်လက်နေတဲ့ ကျောက်တုံးကို မြင်ပါလေရော။ ’’ဟားဖစ်ဇ်တစ်ယောက် ပြန်ရောက်ပြီလားဗျာ’’လို့ သူကမေးလိုက်တယ်။ ပိုင်ရှင်သစ်က ’’မရောက်သေးပါဘူးဗျာ၊ ဘာဖြစ်လို့ မေးရတာတုန်းလို့’’ ပြန်ပြောတာပေါ့။ ပညာရှိက ’’-ဘာဖြစ်လို့လဲဆိုတော့ အဲဒီဥစ္စာက စိန်တစ်လုံးဖြစ်နေလို့ပေါ့ဗျာ၊ စိန်ကိုမြင်ရင်တော့ စိန်မှန်း မှတ်မိတာပေါ့-’’-လို့ ပြောလိုက်တယ်။ ’’မဟုတ်ပါဘူးဗျာ၊ ဒါက ကျောက်တုံးတစ်တုံးပါ၊ ကျုပ် စမ်းချောင်းက ကောက်လာတာ။ လာလေ၊ ကျုပ်လိုက်ပြပေးမယ်၊ အများကြီးကို ရှိသေးတယ်’’ လို့ ပိုင်ရှင်က ပြောပြန်တယ်။ သူတို့သွားပြီး နမူနာ တစ်ချို့ကို ကောက်ယူကာ စစ်ဆေးလေ့လာကြည့်ဖို့ ပေးလိုက်ကြတယ်။ သိပ်သေချာတာပေါ့၊ ကျောက်တုံး တွေဟာ စိန်တုံးတွေဖြစ်နေတယ်။ အဲဒီလယ်ယာမြေဟာ စိန်ကြောတွေနဲ့ တကယ် ဖုံးလွှမ်းပြည့်လျှံလို့နေတယ် ဆိုတာကို သူတို့တွေ့ရှိလိုက်ကြတယ်။

ဒီပုံပြင်ရဲ့ ကိုယ်ကျင့်တရားက ဘာတွေလဲ--

ဒီမှာ ကိုယ်ကျင့်တရားခြောက်ခု ရှိတယ်။

၁။ ကျုပ်တို့သဘောထား မှန်ကန်နေတဲ့အချိန်မှာတော့ ကျုပ်တို့အားလုံး စိန်မြေပြင်တစ်ခွင်မှာ လျှောက်လှမ်းနေကြပါလားဆိုတာကို သဘောပေါက်ကြတယ်။ အခွင့်အရေးဆိုတာ ကျုပ်တို့ရဲ့ ခြေဖ၀ါးအောက်မှာတင် အမြဲတမ်းရှိနေတာပါ။ ကျုပ်တို့ ဘယ်နေရာကိုမှ သွားနေစရာမလိုပါဘူး။ ကျုပ်တို့လုပ်ရမှာက အဲဒါကို အသိအမှတ် ပြုလက်ခံတတ်ဖို့ပဲလေ။

၂။ မြက်ခင်းလေးတွေဟာ အခြားတစ်ဖက်မှာ ပိုမိုစိမ်းနေတယ်လို့ အမြဲလိုလို ထင်ရတတ်တယ်။

၃။ ကျူပ်တို့ အခြားတစ်ဖက်က မြက်ခင်းပြင်ကို ကြည့်နေတုန်းမှာ ကျုပ်တို့ဖက်က မြက်ခင်းပြင်ကို ကြည့်နေတဲ့ သူတွေလည်း ရှိနေပါတယ်။ သူတို့က ကျုပ်တို့နဲ့အတူတကွ နေရာတွေကို ရောင်းဝယ်ဖောက်ကားဖို့ ပျော်ရွှင်ရင် ပျော်ရွှင်နေလောက်တယ်။

၎။ အခွင့်အလမ်းကို အသိအမှတ်ပြုလက်ခံရမှန်း မသိတတ်တဲ့သူတွေဟာ အခွင့်အလမ်းက တံခါးခေါက်နေတာကို ဆူညံပါတယ်ဆိုပြီး ညည်းညူနေတတ်ကြတယ်။

၅။ အခွင့်အလမ်းတွေဆိုတာ ရောက်လာတုန်းကကထက် ထွက်ခွါသွားတဲ့အခါမှာ အခွင့်အလမ်းတွေကို အသိအမှတ်ပြုလက်ခံရတာ ပိုမိုလွယ်ကူတတ်ပါတယ်။

၆။ အခွင့်အရေးဆိုတာ တစ်ကြိမ်သာ တံခါးခေါက်တတ်ပါတယ်။ နောက်တစ်ခုဟာ ပိုကောင်းရင် ကောင်းမယ် သို့မဟုတ် ပိုဆိုးရင်လည်းဆိုးသွားမယ်၊ ဒါပေမယ့် တစ်ပုံစံတည်းတော့ လုံးဝမဟုတ်နိုင်တော့ပါဘူး။ ဒါကြောင့်မို မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ အသက်တမျှ အရေးပါလှပါတယ်။ အချိန်မှန်မဟုတ်တဲ့ (လွဲမှားနေတဲ့) ကာလမှာ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်တစ်ခုဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားနိုင်တယ်။ ။

Shiv Khera ရဲ့ Acres of Diamonds ကို ခံစားပြန်ဆိုထားခြင်းဖြစ်ပါသည်။ ။

Thursday, May 12, 2011

သင့်သဘောထားကို အဆုံအဖြတ်ပေးသော အချက်အလက်များ


သင့်ကို မေးစမ်း ပါရစေဦး--- ကျွန်တော်တို့ဟာ သဘောတရားများနှင့်အတူ လူဖြစ်လာကြတာလား ဒါမှမဟုတ် ကျွန်တော်တို့ ရင့်ကျက်လာတဲ့အချိန်ကျမှ အဲဒီတရားတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် လိုက်လုပ်ကြတာလား---ဆိုတာတွေကိုလေ။

သင့်ပတ်ဝန်းကျင်ကြောင့် သင့်မှာ ဘ၀နဲ့ပတ်သက်ပြီး အပြုသဘောမဆောင်တဲ့အမြင်မျိုးရှိနေတယ် ဆိုရင် သင့်သဘောထားကို သင်ပြောင်းလဲနိုင်စွမ်းရှိပါ့မလား။ ပုံစံခွက်ထဲထည့်ခံရတဲ့ နှစ်တွေမှာပဲ ကျွန်တော်ုတို့ရဲ့ သဘောထားများဟာ ပုံသွင်းခံလိုက်ရပြန်တယ်။ ကျွန်တော်တို့ဟာ ကိုင်းညွှတ်တတ်တဲ့ ပင်ကိုစိတ် သဘောထားတွေနဲ့ မွေးဖွားလာကြသူတွေဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ပုံစံလေးတွေကို ကြီးကြီးမားမား အဆုံးအဖြတ်ပေးတဲ့ အချက်သုံးချက်ရှိတယ်။ အဲဒါတွေကတော့ စိတ်သဘောထားဆိုင်ရာ အီးသုံးလုံးပဲပေါ့။

၁။ ပတ်ဝန်းကျင် (Environment)

၂။ အတွေ့အကြုံ (experience)

၃။ ပညာရေး (education)

ဒီအချက်သုံးချက်ရဲ့ တစ်ခုချင်းစီကို သီးခြား ချင့်တွက်ကြည့်ကြရအောင်လား။

၁။ ပတ်ဝန်းကျင်

ပတ်ဝန်းကျင်မှာ အောက်ဖော်ပြပါအချက်များပါဝင်တယ်။

၁။ အိမ်မှာ--- အပြုသဘောဆောင်တဲ့ သို့မဟုတ် အပျက်သဘောဆောင်တဲ့ လွှမ်းမိုးမှုများ၊

၂။ ကျောင်းမှာ--- သက်တူရွယ်တူများရဲ့ ဖိအား၊

၃။ အလုပ်ခွင်မှာ---အားပေးသမှုပြုတဲ့ သို့မဟုတ် အလွန်အမင်းဝေဖန်မှုပြုတဲ့ ကြီးကြပ်သူ၊

၎။ သတင်းမီဒီယာ---တီဗွီ သတင်းစာများ၊ မဂ္ဂဇင်းများ၊ ရေဒီယို၊ ရုပ်ရှင်များ၊

၅။ ယဉ်ကျေးမှုနောက်ခံ၊

၆။ ဘာသာရေးနောက်ခံ၊

၇။ ရိုးရာဓလေ့များနှင့်ယုံကြည်မှုများ၊

၈။ လူမှုရေးဝန်းကျင်၊

၉။ နိုင်ငံရေး ပတ်ဝန်းကျင်၊

ဒီပတ်ဝန်းကျင်းအားလုံးဟာ ယဉ်ကျေးမှုတစ်ခုကို ဖန်တီးလိုက်တယ်။ နေရာတိုင်းမှာပေါ့---အိမ်မှာ၊ အဖွဲ့အစည်းမှာ သို့မဟုတ် နိုင်ငံတစ်ခုမှာ---ယဉ်ကျေးမှုဆိုတာရှိတယ်။ သာဓကအားဖြင့်---သင်ဟာ စတိုးဆိုင်တစ်ဆိုင်ကိုရောက်သွားတယ်ဆိုပါတော့၊ အဲဒီမှာ မန်နေဂျာတွေမှာေ၇ာ အရောင်းစာရေးများမှာပါ ယဉ်းကျေးပျူငှါခြင်း၊ ကူညီပေးတတ်ခြင်း၊ ရင်နှီးခင်မင်ခြင်းနှင့်ဖော်ရွှေခြင်းတို့ရှိနေတာတွေကို သင်တွေ့ရတယ်။ သို့သော် အခြားဆိုင်တစ်ဆိုင်မှာတော့ ရိုင်းပျပြီး ယဉ်ကျေးပျူငှါမှုမရှိတဲ့ ၀န်ထမ်းများကို သင်တွေ့နိုင်တယ်။ သင်သွားလည်တဲ့ အိမ်တစ်အိမ်မှာ မိဘတွေရောသားသမီးတွေပါ အပြုအမူကောင်းကောင်းနဲ့ ယဉ်ယဉ်ကျေးကျေးရှိကြတာ ပြီးတော့ ညှာတာထောက်ထားတတ်ကြတာတွေကိုတွေ့ရမယ်။ သင်သွားလည်တဲ့ အခြားတစ်အိမ်မှာတော့ တစ်အိမ်သားလုံးဟာ တကျက်ကျက်နဲ့သဲကြီးမဲကြီး ရန်ဖြစ်နေကြတာကို တွေ့ရနိုင်တယ်လေ။ အစိုးရနဲ့နိုင်ငံေ၇းဝန်းကျင်းတွေ ရိုးသားမှုရှိတဲ့ နိုင်ငံများမှာ ယေဘုယျအားဖြင့် သင်ဟာ လူတွေရဲ့ ၇ိုးသားမှု၊ ဥပဒေကိုလိုက်နာတတ်မှုနဲ့ ၇ိုင်းပင်ကူညီတတ်မှုတို့ကိုတွေ့ရမယ်။ ဒီသဘောရဲ့ ပြောင်းပြန်ယူချက်လည်း မှန်ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့ ပတ်ဝန်းကျင်မှာတော့ ရိုးသားတဲ့သူအတွက် အခက်အခဲများလှပါတယ်။ ရိုးသားတဲ့ဝန်းကျင်မှာလည်း အကျင့်စာရိတ္တခြစားနေတဲ့သူတွက် အခက်အခဲများတယ်လေ။ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်မှာ မဖြစ်စလောက်အစွမ်းပြ ဖျော်ဖြေတင် ဆက်နိုင်သူရဲ့ပမာဏရလဒ်ဟာ တိုးတက်လာတတ်တယ်။ အပျက်သဘောဆောင်နေတဲ့ ၀တ်ကျင်းမှာတော့ အစွမ်းကေင်းကောင်းပြနိုင်သော သဘင်သည်ရဲ့ ရလဒ်ဟာ ယုတ်လျှော့သွားရတတ်ပါတယ်။

နေရာတော်တော်များများမှာ ယဉ်ကျေးမှုဟာ အမြဲတမ်းလိုလို အပေါ်ကနေ အောက်ကိုသာကျကျ သွားတာ၊ အောက်ကနေ အထက်ကိုတက်တက်လာတယ်လို့ ဘယ်တော့မှမရှိပါဘူး။ ကျွန်တော်တို့ နောက်တစ်လှမ်း ပြန်ဆုတ်ကာ ကြည့်ဖို့လိုအပ်တယ်-- ငါတို့တွေဟာ ငါတို့အတွက်ရော ငါတို့ဝန်းကျင်မှာ ရှိနေကြသူတွေအတွက်ပါ ဘယ်လိုပတ်ဝန်းကျင်မျိုးတွေကို ဖန်တီးပေးပြီးပြီလဲဆိုတာတွေကိုပေါ့။ အပြုသဘောမဆောင်တဲ့ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့အပြုအမူမျိုးကို မျှော်လင့်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ အဲလို လူ့ဘောင်အဖွဲ့အစည်းမှာ တရားဥပဒေကင်းမဲ့မူတွေဟာ တရားဥပဒေဖြစ်လာမယ်၊ ရိုးသားတဲ့ပြည်သူတွေဟာ လိမ်လည်ကောက်ကျစ်ပြီးစဉ်းလဲတဲ့သူတွေဖြစ်လာကြမယ်။

သင်ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ဟာ သင့်အပေါ်မှာ ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်စွမ်း ရှိတယ်ဆိုတာရယ်၊ သင်ဖန်တီးလိုက်တဲ့ဝန်းကျင်ဟာလည်း သူများအပေါ်မှာ ဘယ်လောက်ထိအကျိုး သက်ရောက်နိုင်စွမ်းရှိတယ်ဆိုတာကို ချင့်တွက်ကြည့်ဖို့ (တန်ဖိုးဖြတ်ဖို့) အချိန်ယူရမယ်။

၂။ အတွေ့အကြုံ

ကျွန်တော်တို့ရဲ့အပြုအမူဟာ လူအမျိုးအမျိုးနဲ့ဆက်ဆံလို့ရလာတဲ့ အတွေ့အကြုံတွေအလိုက် ပြောင်းလဲသွားကြပါတယ်။ ကျွန်တော်တို့မှာ လူတစ်ယောက်နဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ အတွေ့ အကြုံမျိုးရှိရင် အဲဒီလူအပေါ်ထားတဲ့ကျွန်တော်တို့ရဲ့ သဘောထားဟာလည်း အပြုသဘောဖြစ်နိုင်ခြေ ပဲများပါတယ်။ အပြန်အလှန်အားဖြင့် မကောင်းတဲ့အတွေ့အကြုံအကြုံတွေဟာ ကျွန်တော်တို့ကို သတိပေးလေ့ ရှိတတ်ပါတယ်။ အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ဘ၀မှာ အကိုးသာဓကပြုရမည့် အချက်များဖြစ်လာတော့တယ်၊ ကျွန်တော်တို့တစ်တွေဟာ နိဂုံးကောက်ချက်တွေ ဆွဲကြပြန်တယ်။ အဲဒါတွေကို အနာဂတ်လမ်းညွှန်ချက်များအနေနဲ့ အသုံးချကြတယ်။

၃။ ပညာရေး

ပညာရေးဆိုရာတွင် ပုံစံတကျဖွဲ့စည်းပြဌာန်းထားတဲ့ ပညာရေးရော၊ ပြဌာန်းမထားတဲ့ ရိုးရိုးသာမန် ပညာရေးရော နှစ်မျိုးလုံးကိုရည်ညွှန်းပါတယ်။ ကျွန်တော်တို့ဟာ သတင်းအချက်အလက်တွေထဲမှာပဲ နစ်မြုပ်နေကြတယ်၊ ဒါပေမယ့် ဗဟုသုတနဲ့ ဥာဏ်ပညာတွေကိုလည်း လိုလားငတ်မွတ်နေတတ်ကြပြန်တယ်။ မဟာဗျူဟာမြောက် အသုံးချရင်တော့ ဗဟုသုတဟာ ဥာဏ်ပညာအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဥာဏ်ပညာ ကတော့ အောင်မြင်မှုအဖြစ်သို့ အပြန်အလှန်အားဖြင့် ပြောင်းလဲသွားမယ်။

ပညာရဲ့ အခန်းကဏ္ဍဟာ အဓိကပဓာနဖြစ်တယ်။ ဆရာတစ်ယောက်သည် ထာဝရ အကျိုးသက်ရောက် နိုင်စွမ်းရှိသည်။ တသိမ့်သိမ့်လှုပ်ခတ်သွားတဲ့ အကျိုးသက်ရောက်မှုကတော့ တိုင်းတာလို့မရနိုင်ပါဘူး။ ပညာရေုးဆိုတာ ကျွန်တော်တို့တစ်တွေကို အသက်မွေးဝမ်းကျောင်းတတ်ရုံ သက်သက်သာမကဘဲ ရှင်သန် နေထိုင်တတ်တဲ့ နည်းလမ်းကိုပါ သင်ပေးလိုက်သင့်တာပေါ့။ ။

Shiv Khera ရဲ့

Factors That Determine Your Attitude ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။


Tuesday, May 3, 2011

Specific Characteristics of Buddhist Psychotherapy


In Buddhist Psychotherapy, there are many specific characteristics we can apply for spiritual development. Mental disorder is connected with both physical aspects and psychological aspects. In the Buddhist points of view, it is believed that we have to make an effort to tame our minds to overcome such abnormal behavior.

When we treat mental problems, we have to consider a wide concept of consciousness in humanity. This is a special characteristic. It is said that there exist seven abodes of consciousness. Fifty-four types of consciousness occur in the seven abodes. They are: twenty three types of resultant consciousness, twenty types of moral and immoral consciousness and eleven types of functional consciousness. It is clear that how much consciousness is important and powerful. What's more, mind is a vital factor regarding existences. Mind is a real creator of good and bad destination. Now we can see everything is mind-made. Mental disorders are directly related to defilements such as Lobha, Dosa and Moha. Mind becomes impure when it is overwhelmed with such defilements, thus it brings sorrow stress and anxiety. The concept of consciousness is therefore very important while treating mental problems.

When faced with such problem, Buddhists attempt to deal it with the power of ethical practice. Ethical codes are key factors to direct the mind towards either good condition or specific aim and object of life. It is true that one can overcome mental disorder and abnormal behavior with clear and direct ethical path leading to Nibbana. We have to try to replace impure mind full of greed, hatred and delusion with pure mind endowed with non-greed, non-hatred and non-delusion. The negative side of mind is overwhelmed with unwholesome thoughts while the positive side of mind is connected with wholesome thoughts. Then, what we have got to do is to lead a patient to a positive way of thinking and living. The key to deal with the problems is nothing but morality or ethical codes.

By removing negative things from the mind to some extent, one can surely attain so many benefits that one lead a healthy and happy life. What’s more, social harmony and any other mundane benefits also will come to his life sooner or later. There is a great deal of benefit in harnessing the mind. This is because mind is predominance in human personality. It is said in the Dhammapada that Mano pubbangama dhamma, Mano settha mano maya---mind is the forerunner of all good or bad states, mind is the chief of all. A well-tamed mind brings happiness (cittam dantan sukhavaham). Then, it is clear that one should control one’s mind to gain both mundane and supra-mundane benefits.

While trying to treat such and such problems, what we have to do is to control internal factors, but not to control external things. This is also an important characteristic. There are three kinds of level regarding mental problems: likes, dislikes and reflection of that object. It can be understood that likes and dislikes are human natures to things or actions of the world. It is clear that Lobha, Dosa and Moha or Abhijja, Byapada and Micchaditthi are considered as vital factors in the Buddhist psychotherapy. They are the main creators of mental problems as well as abnormal behaviors. No one can deny that where there increases unwholesome mental development, there break out a lot of problems. In association with one another not only in the family but also in the society, we should attempt to reduce such problems, controlling the mind. By doing so, we may come across likes and dislikes in our minds. We can’t avoid them in daily life. It is said that even Arahants have likes and dislikes without attachments to things. We can’t get everything we like.

It is the nature of the world. In the Ratthapasasutta of Majjimapannasa, it is said that the world is needy; the world becomes enslave of craving; the world is violently burning with greed, hatred, delusion, jealousy and so on. This is why we have to control the mind to lead a better way of living or to attain real mental health, instead of controlling external factors. To cure mental problem is to control the mind. Health is the highest gain—Arogya parama lahba--. The true is that if we want to develop spiritual progress, we have to control internal factors. There is no doubt that ultimate mental health cannot be achieved without eradicating greed, hatred and delusion. The real mental health is indeed the attainment of Nibbana or when your mind become pure. Purity is when mind is free from mental defilement such as greed, hatred and delusion and so on.

The best way to overcome the problems is to preserve morality and to develop concentration and wisdom. Now we can clearly see from the facts mentioned above that Buddhist psychotherapy emphasizes on such specific characteristics to treat mental disorder and abnormal behavior. One who wants to attain real mental happiness should apply those specific characteristics of Buddhist psychotherapy.