Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Wednesday, February 15, 2012

အတ္တကိုထုဆစ်ကြည့်ခြင်း



သူ……

သူ့ကြေးမုံ…..သူ့စာမျက်နှာ…လှပလို့ ဖူးပွင့်ဝေဆာ၊

အမြင်မှန်ဆို ပကတိမှန်ထက်ကို မှန်နေတယ်။

ပရဟိတအကျိုး သူသယ်ပိုးပုံက

ဗောဓိသတ္တ၀တောင် လက်မြှောက်လို့ အရှုံးပေးရတော့မလိုလို--။


သူ ---

သူ့ဘ၀…..သူ့စိတ်ထား….မြင့်မြတ်-လင်းလက် လိုက်ပုံက-----

ကောင်ကင်ထက်မြင့်တဲ့ ကြယ်စင်၊

လမင်းလိုဖြူစင်၊ ငွေရောင်ထက် တောက်ပကာ ရွှင်လန်း၊

သမုဒ္ဒရာထက် နက်ရှိုင်းကျယ်ဝန်းလို့ နှင်းပွင့်လေးလို လှပဝေဆာနေ---။


သူ……

သူ့အမြင်--သူ့အတွေး----သန့်ရှင်းလို့ခိုင်မြဲ…..

မွန်မြတ်တဲ့သူ့အဓိဌာန်….ကမ္ဘာကြီးကိုကာကွယ် ..စကြာဝဠာကို ၀န်းရံ၇င်း……

ငြိမ်းရေးဗိသုကာ--ပညာရွှေအိုး…ကိုယ်ကျင့်တရားမဏ္ဍိုင်တွေနဲ့

တရားမျှမှုတွေ စိုးမိုးစေမယ်..။


သူ…..

သူ့ပညာ---သူ့အမြင်တွေနဲ့ လောကကို အလင်းပေး--မေတ္တာတွေဖြန့်ဝေကာ ၇ှင်သန်မယ်--၊

သူ့သမိုင်းတံခွန်ကို--ကောင်ကင်က ကြယ်စင်တွေတောင် မော့ကြည့်စေရမယ်…၊

ဒါပေမယ့်…လှပလို့ ရှင်သန်..အမြင့်မြတ်ဆုံး..သူ့သရုပ်အမှန်က--

ခြောက်သွေးနေတဲ့…သဲကန္တာရသစ်ပင် --လှလှပပ ကိံဖလ အဆိပ်သီး --။


သူ…သူတို့…

ငါ...ငါတို့ စတဲ့

အမည်နာမ..ပညတ်ချက်တွေကြောင့်…

ရှင်သန်နေတဲ့ အတ္တအလှ..အတ္တသုခုမတွေ ကျိုးပဲ့သွားမလေမလားလို့…

မရေရာတဲ့..စိုးထိတ်မှုတွေနဲ့-ဆက်လက်-ထုဆစ်ဖို့ မ၀ံ့မရဲတော့ပါဘူး..

ဒါလည်းပဲ အတ္တတစ်ခုလေလား…..

0 comments:

Post a Comment