Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Tuesday, January 31, 2012

ယုံကြည်ရာ အမှန်တရားလား



ကမ္ဘာကြီးကပြောတယ်----

ငါရှိလို့သာ သတ္တ၀ါတွေ ဆောက်တည်ရာတစ်ခုရကြတာပါတဲ့။




နေမင်းကြီးက ရုတ်တရက်ထ ပေါက်ကွဲတယ်----

ငါသာအလင်းရောင်မပေးရင်

မင်းတို့တွေ ရှင်သန်ခွင့်ဘယ်လိုရနိုင်မလဲတဲ့။


လမင်းကြီးက မဲ့ပြုံးပြုံးကာ ဆိုပြန်တယ်----

ငါရဲ့ အေးမြရိပ်ကြောင့်ပဲ မင်းတို့တွေ အေးချမ်းစွာမှေးစက်ခွင့်ရနေကြတာပါကွာ-တဲ့။


ပန်းကလေးက သစ္စာဆိုတယ်---

ငါမရှိရင် ဒီကမ္ဘာမှာ အလှတရားတွေ ပုပ်သိုးသွားနိုင်တယ်တဲ့။


ငှက်ကလေးတွေက တိုးတိုးလေးဆိုပြန်တယ်---

ငါ့ရဲ့သံစဉ်တွေကြောင့် ဒီကမ္ဘာက သာယာချိုမြ ငြိမ်းချမ်းလှတာတွေ၊

ဂီတဖန်တီးရှင်၊ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတာ ငါတို့ပဲဆိုတာတွေကို သူတို့-- သူတို့သိပုံမပေါ်ဘူးတဲ့။


သမုဒ္ဒရာကြီးက စီးဆင်းဆဲ မျက်ရည်စက်တွေနဲ့ ရင်နင့်စွာဖွင့်ဟတယ်----

ငါသာမရှိရင် မင်းတို့တွေ ဘယ်လိုရှင်သန်နေထိုင်ကြမလဲတဲ့။


သစ္စာတွေကိုယ်စီနဲ့ အမှန်တရားတွေကို လှောင်ပြောင်နေကြတာ

သူတို့တွေလား--ငါတို့တွေလား--အမည်နာမမ၇ှိတဲ့ ပညတ်တရားတွေကြောင့်လား--?


အမှန်တရားတွေ ပုပ်သိုးလို့--

နွေးထွေးတဲ့ ငြိမ်းချမ်းမှုတွေ --မျှတတဲ့ လွပ်လပ်မှုတွေ------တွေ--

မကြာခဏ---ဘောင်ခတ်ခံနေရတာ-ဟာ---

လူ့ အတ္တတွေကြောင့်လား---?

ဒါမှမဟုတ်

အမှန်တရားတွေက အတ္တကို စက်ဆုပ်သွားကြတာလား---?

အမှန်သစ္စာတရားတွေဟာ စကားလုံးတွေရဲ့ ဘောင်ခတ်မှုကို ခံလိုက်ရလို့

သူ့ရဲ့ငြိမ်းအေးမှု သန္တရသတွေတော့ မပျောက်ကွယ်လောက်ဘူး---။ ။

ယုံကြည်ရာ အမှန်တရား--လား ?--?

?- - -- - -?


0 comments:

Post a Comment