Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Tuesday, August 2, 2011

အောင်မြင်သူများ>နှင့်< အရှုံးသမားများ



အောင်မြင်သူများသည် အမြဲတမ်း အဖြေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး

အရှုံးသမားများသည် အမြဲတမ်း ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

အောင်မြင်သူမှာ အမြဲတမ်း စီမံကိန်းတစ်ခုရှိနေတတ်ပြီး

အရှုံးသမားများမှာ အမြဲတမ်း ဆင်ခြေဆင်လက်တစ်ခု ရှိနေတတ်ပါသည်။

အောမြင်သူသည် ‘‘ဒီကိစ္စကို သင့်အတွက် ကျုပ်လုပ်ပေးပါရစေ’’ဟု ပြောဆိုတတ်ပြီး

အရှုံးသမားသည် ‘‘ဒီကိစ္စသည် ကျုပ်အလုပ်မဟုတ်ပါဘူး’’ဟု ပြောဆိုတတ်ပါသည်။

အောင်မြင်သူသည် ပြဿနာတိုင်းအတွက် အဖြေတစ်ခုကို ရှုမြင်တတ်ပြီး

အရှုံးသမားသည် အဖြေတိုင်းကို ပြဿနာတစ်ခုအဖြစ်ရှုမြင်တတ်ပါသည်။

အောင်မြင်သူသည် ‘‘ဒီကိစ္စက ခက်ခဲမှာပါ၊ ဒါပေမယ့် ဖြစ်နိုင်ပါတယ်’’ လို့ပြောဆိုတတ်ပြီး

အရှုံးသမားသည် ‘‘ဒီကိစ္စက ဖြစ်နိုင်ခြေရှိပါတယ်၊ ဒါပေမယ့် သိပ်ကို ခက်ခဲလွန်းတယ်’’ လို့ ပြောဆိုတတ်ပါသည်။

အောင်မြင်သူသည် အမှားတစ်ခုကို လုပ်မိတဲ့အခါ ‘‘ကျုပ်မှားသွားပါတယ်’’လို့ ပြောဆိုတတ်ပြီး

အရှုံးသမားသည် အမှားတစ်ခုကို ကျူးလွန်မိတဲ့အခါ ‘‘ဒီကိစ္စသည် ကျုပ်ရဲ့ အပြစ်မဟုတ်ပါဘူး’’လို့ ပြောဆိုတတ်ပါသည်။

အောင်မြင်သူသည် ခိုင်ခိုင်မာမာဆုံးဖြတ်ထားသော ကတိတွေကိုပေးတတ်ပြီး

အရှုံးသမားသည် အလားအလာကတိတွေကို ပေးတတ်ကြသည်။

အောင်မြင်သူများမှာ မျှော်လင့်ချက်အိပ်မက်များရှိနေတတ်ကြပြီး

အရှုံးသမားများမှာ အကြံအစည်တွေရှိနေတတ်ကြသည်။

အောင်မြင်သူများသည် ‘‘ကျူပ် တစ်ခုခုကို လုပ်မှ ဖြစ်မယ်’’လို့ပြောဆိုတတ်ကြပြီး

အရှုံးသမားများသည် ‘‘တစ်ခုခုကို လုပ်ရမယ်’’လို့ ပြောဆိုတတ်ကြသည်။

အောင်မြင်သူများသည် အသင်းအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတတ်ြကပြီး

အရှုံးသမားများသည် အသင်းအဖွဲ့များကနေ ဝေးကွာနေတတ်ကြသည်။

အောင်မြင်သူများသည် အမြတ်ရလဒ်ကို ရှုမြင်တတ်ကြပြီး

အရှုံသမားများသည် နာကျင်မှုဒုက္ခဝေဒနာကို ရှုမြင်တတ်ကြသည်။

အောင်မြင်သူများသည် ဖြစ်နိုင်ခြေများကို ရှုမြင်တတ်ကြပြီး

အရှုံးသမားများသည် ပြဿနာများကို ရှုမြင်တတ်ကြသည်။

အောင်မြင်သူများသည် နှစ်ဦးနှစ်ဖက်အောင်မြင်နိုင်မှုကို ယုံကြည်တတ်ကြပြီး

အရှုံးသမားများသည် သူတို့ကသာ အောင်မြင်မှုကိုရရှိရမည်၊ အခြားသူက ရှုံးနိမ့်ရမည်ဟု ယုံကြည်ကြသည်။

အောင်မြင်သူများသည် စွမ်းရည်ကို ရှုမြင်တတ်ကြသည်။

အရှုံးသမားများသည် အတိတ်ကိုသာ ရှုမြင်တတ်ကြသည်။

အောင်မြင်သူများသည် အပူရှိန်ညှိကိရိယာနှင့်တူကြသည်။

အရှုံးသမားများသည် အပူရှိန်တိုင်းကိရိယာများနှင့်တူကြသည်။

အောင်မြင်သူများသည် သူတို့ပြောတာကို ရွေးချယ်တတ်ကြသည်။

အရှုံးသမားများသည် သူတို့ရွေးချယ်တာကို ပြောဆိုတတ်ကြသည်။

အောင်မြင်သူများသည် ခက်ခဲနက်နဲသော အငြင်းအခုံများကို နူးညံ့ပျော့ပျောင်းသောစကားလုံးများဖြင့် အသုံးပြုပြောဆိုကြသည်။

အရှုံးသမားများသည် ပျော့ပျောင်းသော အငြင်းအခုံးများကို ပြင်းထန်သောစကားလုံးများဖြင့် အသုံးပြုပြောဆိုကြသည်။

အောင်မြင်သူများသည် တန်ဖိုးတရားနှင့်ပတ်သက်၍ခိုင်ခိုင်မာမာရပ်တည်ကြ၊ သို့သော် အရေးမပါသောအသေးအဖွဲ့ကိစ္စများနှင့်ပတ်သက်၍ အပေးအယူဖြင့်ညှိယူတတ်ကြသည်။

အရှုံးသမားများသည် အသေးအဖွဲ့ကိစ္စရပ်များနှင့်ပတ်သက်၍ ခိုင်ခိုင်မာမာရပ်တည်ကြ၊ သို့သော်

တန်ဖိုးတရားများနှင့်ပတ်သက်၍ အပေးအယူဖြင့် ညှိယူတတ်ကြသည်။

အောင်မြင်သူများသည် ‘‘ သင့်ကို အခြားသူများက မလုပ်ခိုင်းစေချင်သော အကြောင်းအရာများကို အခြားသူများကို မလုပ်ပါနဲ့’’ ဆိုသော မျှဝေခံစားခြင်း ဒဿနကို လိုက်နာတတ်ကြသည်။

အရှုံးသမားများသည် “ သင့်ကို အခြားသူများက လက်ဦးမှုမရမီ အခြားသူများကို လက်ဦးမှုယူ လုပ်ယူထားပါ’’ဆိုသော ဒဿနကို လိုက်နာတတ်ကြသည်။

အောင်မြင်သူများသည် ကိစ္စတစ်ခုကို ဖြစ်အောင်လုပ်တတ်ကြသည်။

အရှုံသမားများသည် ကိစ္စတစ်ခုကို ဖြစ်လာခွင့်ပေးတတ်ကြသည်။

အောင်မြင်သူများသည် အောင်မြင်မှုရလာဖို့ စီမံကိန်းဆွဲပြီး ကြိုတင်ပြင်ဆင်ထားတတ်ကြသည်။

အဓိကသော့ချက်(စကား)သည်ကား ကြိုတင်ပြင်ဆင်ထားခြင်းပင်ဖြစ်ပါသည်။ ။


မူရင်း Winners versus Losers by SHIV KHERA


1 comments:

Traveller said...

အရှုံးသမားအတွက် အောင်မြင်သူဖြစ်ဖို့ အခွင့်အရေးရှိသေးလား???

Post a Comment